Sponsored By

Sponsored By
Sponsored By

Babi Mild Myanmar

Tuesday, July 16, 2013

One Night Stand - Article

One Night Stand
နာမည်လေးကလှသည်။ One Night Stand တဲ့။ တစ်ည နားခိုရာနေရာပေါ့။ သဘောကတော့ တစ်ညပဲ ဖြစ်ပေါ်လိုက်တဲ့ sex ကို ဆိုလိုတာပါ။ ကလပ်မှာပဲဖြစ်ဖြစ်။ ဘားမှာပဲဖြစ်ဖြစ်။ ပါတီပွဲမှာပဲဖြစ်ဖြစ်။ တွေ့ကြုံဆုံကြ၊ စိတ်ဝင်စားကြ၊ အချင်းချင်း နားလည်မှုတွေယူပြီး နှစ်ဦးသဘောတူ ဖြစ်တဲ့ sex ကို ဆိုလိုတာပါ။ ဒါဖြင့် ဒါကို ကျွန်တော် ခေါင်းစဉ် တင်တာ ဘာဖြစ်လို့လဲ။ ကျွန်တော် နေတာ မြန်မာပြည်မှာပါ။ မြန်မာပြည်ရဲ့ယဉ်ကျေးမှုအရ One Night Stand ဆိုတာ ကြားဖူးစရာအကြောင်းတောင်မရှိပါဘူး။ သမီးရည်းစားဖြစ်ရင်တောင် ခပ်ခွာခွာနေခိုင်းတဲ့ ယဉ်ကျေးမှုလေ။ အရမ်းတန်ဖိုးရှိပါတယ်။ ဒါပေမယ့် အဲဒီ ယဉ်ကျေးမှုက အခု မှေးမှိန်လာပါပြီ။ ဆရာဝန်တစ်ယောက်အနေနဲ့ ကိုယ်က ပိုပြီး သိပါတယ်။ ဆေးရုံတွေ၊ ဆေးခန်းတွေမှာ အမြင်မတော်တာတွေ အများကြီးပါ။ ဒါကထားလိုက်တော့။ တကယ်တန်းပြောချင်တာက One Night Stand နဲ့ လူငယ်တွေရဲ့ အမြင်ကို ပြောချင်တာပါ။
sex ဆိုတာက ဘာသာရပ်တစ်ခုပါ။ သူ့မှာ ကိုယ်နားလည်ထားရမယ့် အချက်တွေ အများကြီး ရှိပါတယ်။ တကယ်တန်းနားမလည်ပဲနဲ့ sex လုပ်ရင် အရမ်းအန္တရာယ်ရှိပါတယ်။ လူအများပြောသလို စိတ်ချမ်းမြေ့စရာ ကောင်းတဲ့ ကိစ္စလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ အနောက်တိုင်းမှာ One Night Stand ခေတ်စားတယ်ဆိုတာက သိရှိနားလည်ပြီးသားလူတွေ ဖြစ်ကြတာပါ။ သူတို့ဆီမှာက အရွယ်ရောက်ပြီးသူတိုင်းကို sex နဲ့ပတ်သက်လို့ သင်ကြားပေးကြပါတယ်။ ကျောင်းမှာလည်း ပြဌာန်းပေးထား ပါတယ်။ ဒါကလည်း sex ကို အားပေးတဲ့ သဘောမဟုတ်ပါဘူး။ တလွဲတွေ လျောက်လုပ်ကြမှာစိုးလို့ပါ။ သင်သည်တော်ရှိ မသင်သည်တော်ရှိ။ လူငယ်သဘာဝ လက်တည့်စမ်းကြမှာပဲ။ မသင်ပေးလိုက်ပဲ လက်တည့်စမ်းတော့ မလိုလားအပ်တဲ့ ရလာဒ်တွေ ထွက်လာရော။ လူငယ်တွေလည်း အညွန့်ကျိုးရော။ လူငယ်တွေကလည်း ကွယ်ဝှက်ထားတဲ့ ကိစ္စမလို့ စိတ်ဝင်စားကြတာပါ။ စားပွဲပေါ်တင် ဆွေးနွေးလိုက်ရင် စိတ်ဝင်စားမှု လျော့သွားပါတယ်။ ဒါဆိုရင် ပိုပြီးစမတ်ကျတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါတယ်။
ကျွန်တော်လက်ခံထားတဲ့ Sex လုပ်ခြင်းဆိုတာက ဇိမ်ခံစားမှုတစ်ခုပါ။ ဒါကြောင့် ကျွန်တော့်အတွက် sex ဆိုတာ ဇိမ်ကျဖို့လိုပါတယ်။ အင်မတန်နူးညံ့တဲ့ မွေ့ယာကြီးပေါ်မှာ။ စိတ်ကြည်နူးဖွယ် တီးလုံး တိုးတိုးလေးနဲ့။ ထိုက်သင့်တဲ့ အခန်းအပူချိန်လေးနဲ့။ ကဲ… ဘယ်လောက် ဇိမ်ရှိလဲ။ ဒီတော့ အဲဒီလို sex ကို ခံစားဖူးရုံသက်သက်နဲ့ လုပ်နေတာတွေကိုတော့ ကျွန်တော့်အမြင်မှာ အလွဲသုံးစားလုပ်နေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်အမြင်ပါ။ ဘာကြောင့်ပြောပြရတာလဲဆိုတော့။ တစ်ချို့လူတွေအတွက် ရုပ်ရှင်ရုံမှာ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ကို စောင့်မျှော်ကြည့်ရသလိုပဲ sex ကို တန်ဖိုးထား တစ်ခမ်းတစ်နား ခံစားတတ်တဲ့လူတွေရှိတယ်ဆိုတာကို သိစေချင်တာပါ။
ကဲ အဆုံးသတ်အနေနဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ အဖြစ်လေးကို ပြောပြပါတယ်။
တစ်ရက်က နံနက် ၁၀ နာရီလောက်ကြီး ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတို့ ကော်ဖီတူတူသောက်ဖြစ်ပါတယ်။ သူ့ပုံစံကြည့်ရတာ ခေါင်းကြည်ပုံမပေါ်တာနဲ့ ကျွန်တော်မေးလိုက်တယ်။ ဘာဖြစ်နေတာလဲပေါ့။ သူကပြန်ပြောတယ်။ သူ ဟိုတစ်နေ့ကမှ ၀ယ်လာတဲ့ Gucci ခါးပတ် ပျောက်သွားလို့တဲ့။ အဲဒီတော့ ဘယ်လိုပျောက်တာလဲပေါ့။ သူကပြောတယ် မနေ့ညက သူများဆီ မှားပါသွားတာတဲ့။ ဒါနဲ့ ကျွန်တော်ကပြောလိုက်တယ်။ မှားပါသွားရင်လည်း ပြန်တောင်းပေါ့လို့။ သူကပြောတယ်။ မှားပါသွားတဲ့ အမျိုးသမီးနာမည်ကို သူမသိလို့ပါတဲ့။
ဟုတ်ကဲ့။ အဲဒီလို အဖြစ်တွေလည်း One Night Stand မှာ ဖြစ်တတ်ပါတယ်။ ဗဟုသုတပါ။
ရဋ္ဌ

No comments:

Post a Comment