Sponsored By

Sponsored By
Sponsored By

Babi Mild Myanmar

Monday, July 15, 2013

ဘယ်တော့စားရမှာလဲ …

ဘယ်တော့စားရမှာလဲ …
ကျွန်တော် အသက် ၃၃ နှစ်ရှိပါပြီ။ အသက် ၂၅ ကျော်လောက်ကတည်းက အမေးခံရတဲ့ မေးခွန်းက “ဘယ်တော့စားရမှာလဲ” ဆိုတာပါပဲ။ သဘောကတော့ ဘယ်တော့ မင်္ဂလာဆောင်မှာလဲပေါ့။ ကျွန်တော်ကလည်း အမှန်အတိုင်းပြောရရင် အိမ်ထောင်ပြုခြင်းကို သိပ်ပြီးယုံကြည်မှု ရှိတာမဟုတ်။ ကျွန်တော့် မိဘများ၊ ကျွန်တော့် ဘိုးဘွားများ၊ ကျွန်တော့် မောင်နှမသားချင်းများ၊ ကျွန်တော့် မိတ်ဆွေများ ကြည့်ပြီး အိမ်ထောင်ပြုလိုစိတ် လုံးဝမရှိတဲ့လူတစ်ယောက်ပါပဲ။ ကျွန်တော့်ကို မေးခွန်းထုတ်နေတဲ့လူတွေကို ကျွန်တော်ပြန်မေးချင်ပါတယ်။ အမှန်တကယ် အားကျလောက်တဲ့ အိမ်ထောင်၊ စံပြုရမယ့် အိမ်ထောင် ဘယ်နှစ်ခုရှိလဲ။ ကျွန်တော့်ကို ပြစေချင်ပါတယ်။ အားမကျသင့်တဲ့ အိမ်ထောင်ပြရမယ်ဆိုရင်တော့ လက်ညိုးထိုး မလွဲပါဘူး။ ကျွန်တော် ပြနိုင်ပါတယ်။ ကျွန်တော် ဘုကန့်လန့်ပြောနေတာမဟုတ်ပါဘူး။ မင်္ဂလာဆောင်တယ် မုန့်ကျွေးတယ်ဆိုတာ တစ်ရက်ထဲနဲ့ပြီးပါတယ်။ နောက်ဆက်တွဲ ပြဿနာတွေကို မင်္ဂလာပွဲတက်တဲ့ ဧည့်သည်တွေက ဖြေရှင်းပေးမှာမလို့လား။
လွန်ခဲ့တဲ့ ၅ လလောက်က ကျွန်တော့် သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်ပါတယ်။ မိန်းမယူချင်လို့ကို ယူတာပါ။ သဘောကတော့ မိန်းမဖြစ်ရင်ပြီးရောယူတာပါ။ သူ့ရဲ့ အတွေးအခေါ်ကတော့ သူ့အိမ်က မောင်နှမ ညီအစ်ကိုတွေထဲမှာ ကျန်တဲ့လူတွေက အိမ်ထောင်မပြုတော့ သူက ပြုရမယ်ပေါ့။ ကလေးမွေးရမယ်ပေါ့။ ဒါကြောင့်ယူတာပါ။ ကျွန်တော် မဝေဖန်လိုပေမယ့် မထောက်ခံပါဘူး။ အဲဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တဲ့လား။ အဲဒီလိုပြုခဲ့တဲ့ အိမ်ထောင်ရဲ့ ခိုင်မာမှုကရော၊ ပျော်ရွင်ချမ်းမြေ့မှုကရော၊ ထုတ်ရမယ့် မေးခွန်းတွေက တစ်ပုံတစ်ပင်ပါပဲ။
ကျွန်တော့် သူငယ်ချင်း အများစု အိမ်ထောင်မပြုသေးပါဘူး။ ဒါကလဲ တိုက်ဆိုင်မှုပဲလားတော့ မသိဘူး။ သူငယ်ချင်းအများစုက လောပြီး အိမ်ထောင်ပြုဖို့လဲ လုံးဝကို အစီအစဉ်မရှိကြပါဘူး။ ဒါကြောင့်လဲ ကျွန်တော်ပါ သွေးအေးနေတာလားမသိ။ တကယ်လို့ သူငယ်ချင်းတွေ အများစု အိမ်ထောင်ကျသွားပြီး ကျွန်တော်ပဲ ကျန်နေရင်တော့ ဘယ်လိုခံစားချက်ဖြစ်မယ်မသိ။ အခုအချိန်မှာတော့ ခရီးသွားချင်လည်း သူငယ်ချင်းတွေက အဆင်သင့်ဆိုတော့ အဆင်ပြေပါတယ်။ လွတ်လပ်တယ်။ ပျော်တယ်။
နောက်တစ်ခုက Sex ကိစ္စ။ အိမ်ထောင်ပြုတာနဲ့ Sex နဲ့ကို ဘယ်လို ညီမျှခြင်းချကြမလဲ။ ကျွန်တော့်အတွက်တော့ အိမ်ထောင်ပြုတာက ပြုတာပဲ Sex က Sex ပဲ။ အခုခေတ်မှာကလည်း အိမ်ထောင်ပြုမှ Sex Life ရှိမယ်ဆိုတာတွေက ကျန်ခဲ့ပြီ ထင်ပါရဲ့။ ဒါနဲ့ပတ်သက်လို့တော့ နောက်မှ များများပြောပါဦးမယ်။ အခုလောလောဆယ် ကျွန်တော့်အတွေးထဲမှာကတော့ Sex Life ရှိဖို့အတွက် ကျွန်တော် အိမ်ထောင်ပြုဖို့ မလိုဘူးဆိုတာပါပဲ။
အိမ်ထောင်ပြုတာကောင်းပါတယ်။ ဒါပေမယ့် လူတိုင်းအတွက်တော့ ဟုတ်ချင်မှဟုတ်မယ်။ အိမ်ထောင်ပြုတာကို မကန့်ကွက်ပါဘူး။ ကျွန်တော်က ကိုယ်တိုင် အိမ်ထောင်ပြုချင်စိတ် မရှိတာ တစ်ခုပါပဲ။ ကဲ . . . ဘယ်တော့ကျွေးမလဲလို့မေးရင် ။ ကျွန်တော် ရက်သတ်မှတ်ပေးပါမယ်။
အဲဒီနေ့မှာ ကျွန်တော် ကျွေးမယ့်ခေါင်းစဉ်က “ကျွန်တော် အိမ်ထောင်မရှိကြောင်း Party” ပဲ ဖြစ်ပါလိမ့်မယ်။ 
ရဋ္ဌ

No comments:

Post a Comment