Sponsored By

Sponsored By
Sponsored By

Babi Mild Myanmar

Saturday, July 20, 2013

ရဲဝံ့တာလား ရိုင်းတာလား….Article


ရဲဝံ့တာလား ရိုင်းတာလား….
ခေတ်ရဲ့ရေစီးကြောင်းနဲ့ အညီ လူငယ်တွေက တိုးတက်လာကြပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလည်း တည်ဆောက်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ Self Confident ကို တလွဲအသုံးချတာတွေကို တွေ့လာရတယ်။ ဒါကြောင့် ကျွန်တော် ဒီခေါင်းစဉ်တပ်လိုက်တာပါ။ “ရဲဝံ့တာလား ရိုင်းတာလား။”
လူကြားထဲမှာစကားပြောရဲတိုင်း ရဲဝံ့တာမဟုတ်ပါ။
သူတပါးကို အပြစ်ပြောရဲတိုင်း ရဲဝံ့တာမဟုတ်ပါ။
အသံကျယ်ကျယ် စကားပြောရဲတိုင်း ရဲဝံ့တာမဟုတ်ပါ။
 ဆပ်ဆပ်ထိမခံ ပြန်ပြောရဲတိုင်း ရဲဝံ့တာမဟုတ်ပါ။
လူငယ်တွေက မှားနေကြပါတယ်။ ငါပြောရဲတယ်။ ငါလုပ်ရဲတယ်။ ကနေ ငါမိုက်ရိုင်းရဲတယ်တွေ ဖြစ်ကုန်ပါတယ်။ ရိုင်းလို့ရိုင်းမှန်းမသိ အဟုတ်ထင်တတ်ကြပါတယ်။ ဒါကလည်း ပြောင်းလဲတိုးတက်လာတဲ့ ခေတ်နဲ့ အညီ ပေါ်ထွက်လာတတ်တဲ့ အခြေခံမခိုင်တဲ့ လူတန်းစားတစ်ခုပါပဲ။ Process ဖြစ်နေတာမို့ ဖြတ်သန်းရမှာပါပဲ။ နောက် Generation ကျရင်တော့ အမှန်တကယ် ရင့်ကျက်ပြီး အသိဥာဏ်ပြည့်ဝတဲ့ ရဲဝံ့တဲ့ လူပုံအလည်မှာ ချပြလို့ရတဲ့ လူတန်းစား ပေါ်ပေါက်လာမှာပါ။
ဒါပေမယ့် ဒီဆက်ကြားကာလမှာတော့ တော်တော် စိတ်ရှုပ်ရပါတယ်။ အမှိုက်ထုပ်တွေနဲ့ပဲ နေ့တိုင်းခလုပ်တိုက်နေရသလိုပဲ။ အရည်အချင်းရှိလားဆိုတော့လဲ ပြစရာဘာမှမရှိ။ ဒါပေမယ့် အသံတွေကတော့ တော်တော်ကျယ်ကြပါတယ်။ ရှက်တတ်ရင် သေလို့ရတယ်။ ဒါပေမယ့်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ၀င်လာတာနဲ့အမျှ ညာလို့မရတော့ပါဘူး။ လုပ်စားလို့လည်း မရတော့ပါဘူး။ အရည်အချင်းမရှိရင် မြောင်းထဲရောက်မှာပါ။ သီးသန့် ဖက်ရှားနေစရာ မလိုပါဘူး။ အလိုလို မြောင်းထဲရောက်ကြမှာပါ။ ကဲ… လူငယ်တွေ ရဲဝံ့နေကြတာလား . . .ရိုင်းနေကြတာလား . . .။ သုံးသပ်ကြဖို့လိုပါပြီ။

ရဋ္ဌ


No comments:

Post a Comment