Showing posts with label Korea. Show all posts
Showing posts with label Korea. Show all posts
Monday, June 9, 2014
Thursday, June 5, 2014
Tuesday, May 27, 2014
Ceci Magazine အတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့တဲ့ Secret အဖွဲ့မှ Hyosung နှင့် Sunhwa
Fashion Magazine တစ်ခုဖြစ်တဲ့
Ceci က ရိုက်ကူးခဲ့တဲ့ Secret အဖွဲ့ဝင် Hyosung နှင့် Sunhwa တို့ရဲ့ ပုံများပါ။
Tough Girls ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူမတို့ရဲ့ ကွဲပြားတဲ့
အသွင်အပြင်တွေကို တွေ့မြင်ရမှာပါ။ သူမတို့ရဲ့အေဂျင်စီ (TS Entertainment) က ပြောကြားတာကတော့
“အများအားဖြင့် သူမတို့ကို ချစ်ဖို့ကောင်းသော ပုံစံများဖြင့်သာ အတွေ့များပေမယ့်
ဒီတစ်ကြိမ်မှာတော့ အနည်းငယ် တင်းမာတဲ့ပုံစံနဲ့ ရိုက်ကူးပေးထားပါတယ်။” Focus
Online ပရိသတ်များ ကြည့်ရှုနိုင်ရန် တင်ပေးလိုက်ပါတယ်။
5th Baeksang Art Award ပွဲကို တက်ရောက်လာတဲ့ မင်ူသမီး Jun Ji Hyun
မင်းသမီး Jun Ji Hyun ကို
မေလ ၂၆ ရက်နေ့က ၅၀ကြိမ်မြောက် Baeksang အနုပညာဆုပေးပွဲကို တက်ရောက်လာပုံပါ။ ၁၄
နှစ်ကြာ တီဗွီဇာတ်ကားမရိုက်ခဲ့တဲ့ သူမက ပြန်လည်စတင်ရိုက်ကူးခဲ့တဲ့ Man From The
Stars ဇာတ်ကားနဲ့ ဆုတံဆိပ်ကို ဆွတ်ခူးယူခဲ့ပါတယ်။ သူမက ဆုပေးပွဲကို Oscar de
la Renta ဒီဇိုင်နာ ၀တ်စုံနဲ့ တက်ရောက်ခဲ့ပါတယ်။ ထိုဝတ်စုံက ရောင်းဈေး ဒေါ်လာ တစ်သောင်းနှစ်ထောင်လောက်
တန်ဖိုးရှိပါတယ်။ ၀တ်စုံက သူမရဲ့လှုပ်ရှားမှုတိုင်းမှာ လွင့်ပါနေပါတယ်။ ဒါကြောင့်
ကော်ဇောနီလျောက်လှမ်းပေါ်မှာ သူမက အသက်ရှုမှားလောက်အောင်ကို လှပပါတယ်။ Focus Online
ပရိသတ်များ သူမရဲ့ဖက်ရှင်ကို ကြိုက်မကြိုက် ဝေဖန်ကြည့်ပါဦး။
Friday, May 23, 2014
The Sun's Mate Tea ကြော်ငြာရိုက်ကူးခဲ့တဲ့ Sister အဖွဲ့က Hyorin
K Pop အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သော
Sistar အဖွဲ့မှ Hyorin ကို The Sun’s Mate Tea ရဲ့ကြော်ငြာမော်ဒယ်အဖြစ်ရွေးခြယ်လိုက်ကြောင်း
မေလ ၂၀ ရက်နေ့က ကြော်ငြာခဲ့ပါတယ်။ ပရိုမိုးရှင်းဓါတ်ပုံတွေကို The Coca Cola
Company က ထုတ်ပြန်ကြော်ငြာခဲ့ပါတယ်။ အဲဒီဓါတ်ပုံတွေထဲမှာ Hyorin က အနီရောင် လက်တင်ဝတ်စုံနှင့်
လှပကျန်းမာတဲ့ သူမရဲ့ခန္ဓာကိုယ်နှင့်အသားရောင်ကို ဖော်ပြထားပါတယ်။ ဒီကြော်ငြာပုံတွေအရ
အဲဒီ Coca Cola Company ရဲ့ Product ဖြစ်နဲ့ The Sun’s Mate Tea ကရောင်းကောင်းဦးမှာ
သေချာပါပဲ။ Make Tea က အာဂျင်တီးနား၊ ဘရာဇီးနှင့် တောင်အမေရိကနိုင်ငံတွေမှာ အသောက်များပါတယ်။
ကိုးရိးယားမှာတော့ ကော်ဖီ၊ လက်ဖက်စိမ်းလက်ဖက်ရည်အပြင် လူသောက်အများဆုံး ဖြစ်ပါတယ်။
Cosmopolitan Korea အတဒါက် Kara အဖွဲ့မှ Goo Hara က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်မှာ ဓါတ်ပုံရိုက်ကူး
နွေရာသီကုန်ဆုံးတော့မှာဖြစ်ပေမယ့်
Kara အဖွဲ့ဝင် Goo Hara ကတော့ ကိုးရီးယားနိုင်ငံ Coxmopolitan မဂ္ဂဇင်းအတွက် ရေကူးဝတ်စုံများ၊
Casual ၀တ်စုံများနှင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဓါတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။
ဝတ်ဆင်သမျှ အ၀တ်အစားနှင့် အသုံးအဆောင်တွေမှန်သမျှက ဈေးနှုန်းအသင့်တင့်သာရှိသော ကိုးရီးယားနိုင်ငံထုတ်အမှတ်တဆိပ်များဖြစ်ပါတယ်။
Nice Claup, Descente Korea စတဲ့ တံဆိပ်များဖြစ်ပါတယ်။ ဓါတ်ပုံအပြည့်အစုံကို
Cosmopolitan Korea Website မှာ ကြည့်ရှုလို့ရပါတယ်။ မဂ္ဂဇင်းရဲ့၂၀၁၄ ဇွန်လထုတ်စာအုပ်မှာ
ပါဝင်မယ့်ပုံများပါ။ Focus Online ပရိသတ်များအတွက် ကြိုတင် တင်ဆက်ပေးလိုက်ပါတယ်။
Subscribe to:
Posts (Atom)